Comic Universe
Starting your journey...
Comic Universe
Starting your journey...
တော်ရုံဆော့ဖ်ဝဲတွေကို အေးဆေးဟက်နိုင်တဲ့ ပါရမီရှင် Hacker လေး Jin Kang အကြောင်းပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ Broker တစ်ယောက်ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားပြီး Mission ရှုံးနိမ့်ကာ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ ဒီလိုအရှုံးကြောင့် သူ အလွန်လေးစားရတဲ့ Genius Hacker တစ်ယောက်ဖြစ်တဲ့ အဖွဲ့ဝင် VX ကိုလည်း မျက်နှာမပြရဲတော့ဘဲ လူမသိသူမသိ ပုန်းအောင်းနေခဲ့ရပါတယ်။သူဟာ နေ့ဘက်မှာတော့ Café ဆိုင်လေးတစ်ဆိုင်မှာ အလုပ်လုပ်ပြီး၊ ညဘက်မှာတော့ သူ့ကို ထောင်ချောက်ဆင်ခဲ့တဲ့သူတွေကို ကလဲ့စားချေဖို့ တိတ်တဆိတ် ကြံစည်နေခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဆိုင်ကို ထူးထူးခြားခြားနဲ့ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ လူချောလေး Seo Yiyeon ရောက်လာပြီး Jin Kang ကို သိသိသာသာကြီး လိုက်လံပိုးပန်း (Advance လုပ်) ပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Jin Kang ရဲ့ ကလဲ့စားချေမယ့် အစီအစဉ်တွေနဲ့ ဘဝကြီးတစ်ခုလုံး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာဖက်ရှုရမှာပါ။