Comic Universe
Starting your journey...
Comic Universe
Starting your journey...
Mori ဆိုတာ စွန့်ပစ်ခံထားရတဲ့ အိမ်ဟောင်းပျက်ကြီးတစ်ခုထဲမှာ တစ်ယောက်တည်း နေထိုင်ခဲ့ရတဲ့ သနားစရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကယ်ဆယ်ရေးအဖွဲက သူ့ကို တွေ့ရှိသွားပြီး ကလေးစောင့်ရှောက်ရေးဂေဟာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမှာ Mori ဟာ ဘဝသစ်ကို စတင်ခွင့်ရခဲ့သလို၊ သူ့ဆီကို အမြဲတမ်း အဖိုးတန်လက်ဆောင်တွေ ပိုပေးလေ့ရှိတဲ့ လျှိဝှက်နက်နဲတဲ့ အလှူရှင်တစ်ယောက်လည်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမလေးက သူမရဲ့မိခင်နဲ့ ပြန်လည်ဆုံတွေ့ပြီး ဂေဟာကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ Mori ဟာ ကလေးတိုင်းမှာ မိခင်ဆိုတာ ရှိစမြဲဆိုတဲ့ အမှန်တရားကို ပထမဆုံးအကြိမ် သိရှိသွားခဲ့ပြီး သူ့ကို လက်ဆောင်တွေပိုပေးနေတဲ့သူဟာ သူ့အမေပဲ ဖြစ်ရမယ်လို ယုံကြည်လိုက်ပါတော့တယ်။ ဒါကြောင့် သူဟာလည်း သူ့ရဲ့ကိုယ်ပိုင်မိခင်ကို ရှာဖွေဖိုအတွက် ခရီးရှည်ကြီးတစ်ခုကို စတင်ဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေက သူ့ကို စောင့်ကြိုနေမလဲ?