Comic Universe
Starting your journey...
Comic Universe
Starting your journey...
အသက် (၈) နှစ်သားအရွယ် လေယာဉ်ပျက်ကျမှုတစ်ခုကနေ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Yu Ijin...။ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ ဝေးကွာပြီး "ကြေးစားစစ်သား" တစ်ယောက်အဖြစ် (၁၀) နှစ်ကြာအောင် သွေးချောင်းစီးတဲ့လမ်းကို လျှောက်လှမ်းခဲ့ရသူပါ။ သေမင်းနဲ့ မျက်နှာချင်းဆိုင် စစ်တုရင်ကစားရင်း စစ်မြေပြင်ရဲ့ ရက်စက်မှုကို ခါးစည်းခံခဲ့ရတဲ့ သူ့ဘဝဟာ ယမ်းငွေ့တွေကြားမှာပဲ အရွယ်ရောက်ခဲ့ရပါတယ်။ အသက် (၁၈) နှစ်အရွယ်မှာတော့ သူဟာ သွေးစွန်းခဲ့တဲ့ အတိတ်ကို ကျောခိုင်းပြီး ဇာတိမြေ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ အဖိုးဖြစ်သူနှင့် တစ်ဦးတည်းသောညီမလေးတိုဆီ ပြန်ရောက်လာတဲ့အခါမှာတော့ သူတောင့်တခဲ့တဲ့ "သာမန်အထက်တန်းကျောင်းသား" ဘဝလေးကို စတင်ဖို ကြိုးစားခဲ့ပါတယ်။ စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းဖိုက လွယ်ကူပေမဲ့၊ မြိုပြရဲ့ အမှောင်ဘက်ခြမ်းက အန္တရာယ်တွေနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ရှုပ်ထွေးမှုတွေက စစ်မြေပြင်မှာသာ အရွယ်ရောက်ကြီးပြင်းခဲ့ရတဲ့ သူ့ကို အလွန်အခက်ကြုံစေခဲ့ပါတယ်။ သူ့ညီမလေးကို အနိုင်ကျင့်တဲ့ ကျောင်းတွင်း လူမိုက်တွေနှင့် သူ့ရဲ့ အတိတ်က ရန်သူဟောင်းတွေက သူ့ရဲ့ အေးချမ်းတဲ့ဘဝသစ်ကို နှောင့်ယှက်လာတဲ့အခါ...။