Comic Universe
Starting your journey...
Comic Universe
Starting your journey...
ပင်လယ်ရေအောက်က နက်ရှိင်းလှတဲ့ သမုဒ္ဒရာကမ္ဘာကြီးထဲမှာ ဇာတ်အိမ်တည်ထားပြီး ထူးဆန်းတဲ့ ရေအောက်သတ္တဝါတွေနဲ့ နတ်ဘုရားဆန်ဆန် ဒဏ္ဍာရီတွေ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ရှင်သန်နေကြသူတွေရဲ့ ဘဝက သူတိုမမွေးခင်ကတည်းက လူသေတွေ ရေးဆွဲခဲ့တဲ့ "ကံကြမ္မာ အနာဂတ်ဟောကိန်း"တွေရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဇာတ်လမ်းဟာ မတူညီတဲ့ ကံကြမ္မာနှစ်ခုကို ပိုင်ဆိုင်ထားတဲ့ ရေအောက်သတ္တဝါ ငယ်လေးနှစ်ယောက်ကနေ စတင်ခဲ့ပါတယ်။တစ်ယောက်ကတော့ သူ့လူမျိုးစုအတွက် လမ်းပြအလင်းရောင်ဖြစ်လာမယ့် "လမ်းပြသူ" လို သတ်မှတ်ခံထားရသူဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ သူ့လူမျိုးစုတွေ သာယာဝပြောဖိုအတွက် အဲ့ဒီ "လမ်းပြသူ" ကို သတ်ပစ်ဖို ကံကြမ္မာပါလာတဲ့ မင်းသားငယ်လေးတစ်ပါးဖြစ်ပါတယ်။ သတ်ရမယ့်သူနဲ့ အသတ်ခံရမယ့်သူ... ဒီလို ဆန့်ကျင်ဘက် ကံကြမ္မာတွေကြားက သူတိုနှစ်ယောက် ဆုံတွေ့တဲ့အခါမှာတော့ တစ်ခါမှ မမြင်ဖူးသေးတဲ့ ရင်ခုန်စရာ ခရီးစဉ်တစ်ခု စတင်ပါတော့တယ်။ သူတိုနှစ်ယောက်လုံးက သတ်မှတ်ထားတဲ့ ကံကြမ္မာဆိုးတွေကို ငြင်းပယ်လိုက်တဲ့အခါမှာတော့ သမုဒ္ဒရာကြီးလိုပဲ ခန့်မှန်းရခက်တဲ့ စွန့်စားခန်းတွေနဲ့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲ...။ BL နဲ့ Fantasy ကို နှစ်သက်တဲ့သူတွေအပြင် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်တဲ့ Storyline မျိုးကို ကြိုက်ရင် Castle Swimmer က ဖတ်ကိုဖတ်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါ။