Comic Universe
Starting your journey...
Comic Universe
Starting your journey...
ကမ္ဘာပေါ်ကထိပ်တန်းဂိုဏ်းကြီးတွေကို နတ်ဆိုးဂိုဏ်း က လာတိုက်ခိုက်တဲ့ သွေးချောင်းစီးစစ်ပွဲအတွင်းမှာ ဟွာဆန်းဂိုဏ်း က ထိပ်တန်းသိုင်းပညာရှင် ၁၃ ဦးထဲက တစ်ယောက်ဖြစ်တဲ့ Cheong Myeong(MC) ဟာ နတ်ဆိုးခေါင်းဆောင် CheonMa နဲ့တိုက်ခိုက်ခဲ့ပြီးနောက်ဆုံးအနိုင်ရရှိတဲ့သွားချိန်မှာတော့ တိုက်ပွဲအတွင်းရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် စစ်ပွဲအတွင်းသေဆုံးခဲ့ရပါတယ်။ MC: ‘’တကယ်လိုငါသာ နည်းနည်းလောက်ပိုလေ့ကျင့်ခဲ့မယ်ဆိုရင် လူတစ်ယောက်လောက်ဖြစ်ဖြစ် ပိုပြီးကာကွယ်ပေးနိုင်ခဲ့မလား?’’ ဒီလိုနဲ့ နှစ် ၁၀၀ အကြာမှာ သူပြန်လည်မွေးဖွားလာခဲ့တယ်။ အသက် ၁၅/၁၆နှစ်အရွယ် သူတောင်းစား ကောင်လေးတစ်ယောက် ခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်စားလာခဲ့ပြီး မှသိလိုက်ရတာတော့ ထိပ်တန်းဂိုဏ်းကြီးတွေထဲမှာပါခဲ့တဲ့ ဟွာဆန်းဂိုဏ်းက ပြိုလဲသွားပြီတဲ့လေ.....။ ကဲဒါဆိုရင်တော့ သူ့အနေနဲ့အရာအားလုံးကို အောက်ခြေကနေစပြီးဘယ်လိုကြိုးစားသွားမလဲ? ပြိုလဲနေတဲ့ ဟွာဆန်းဂိုဏ်းကိုရော သူဘယ်လိုမျိုးတွေ ပြုပြင်ပြောင်းလဲသွားမလဲ....ဆိုတာကို ဇာတ်အိမ် အနိမ့်အမြင့်၊ အတက်အကျပုံစံလေးနဲ့ စိတ်လှုပ်ရှားစွာ ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။