Comic Universe
Starting your journey...
Comic Universe
Starting your journey...
လူတိုင်းက သူရဲကောင်း ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ဆန်နီ့မှာတော့သာမာန်လူအဖြစ်နဲ့ ကောင်းကောင်းမွန်မွန်ရှင်သန်ချင်တဲ့ ဆန္ဒတစ်ခုပဲရှိတယ်။ တစ်နေ့မှာ အိပ်မက်ဆိုးမှော်ပညာလိုခေါ်တဲ့ ကူးစက်နိုင်တဲ့အမည်မသိစွမ်းအားတစ်ခုကြောင့် သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်။ သူ့အတွက် အိပ်တယ်ဆိုတာ အနားယူဖိုအတွက် မဟုတ်တော့ဘဲ သူသေမလား ရှင်မလားဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ ကမ္ဘာတစ်ခုဖြစ်သွားတယ်။ ဆန်နီရသွားတဲ့ စွမ်းအားကြောင့် အရိပ်ကို အသုံးချနိုင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံအဲဒီအရိပ်ကပဲ သူ့ကိုလွှမ်းမိုးထိန်းချုပ်နိုင်သွားတတ်တယ်။ ဒါ့အပြင် သူ့အနေနဲ့ မလိမ်ညာနိုင်တော့ဘူး။ ဒီကမ္ဘာမှာ မွန်းစတားတွေကပဲ အန္တရာယ်ရှိတဲ့ သတ္တဝါတွေ မဟုတ်ဘူး။ လူတွေက ပိုပြီးကြောက်စရာကောင်းတယ်။ လိမ်လိုမရတဲ့ လူတစ်ယောက်က လိမ်ညာမှုတွေ၊ သစ္စာဖောက်မှုတွေ ပြည့်နေတဲ့ ကမ္ဘာထဲမှာ ဘယ်လို အသက်ရှင်နိုင်မလဲ? အရိပ်၏ကျွန်က သူရဲကောင်းဇာတ်လမ်း မဟုတ်ဘူး။ ဒါက အရိပ်ကို အသုံးချပြီး အဲဒီအရိပ်ရဲ့အောက်မှာပဲ အမြင့်ကိုတက်လာရတဲ့ လူငယ်တစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ တစ်ခန်းဖတ်လိုက်ရင် နောက်တစ်ခန်း မဖတ်မနေရအောင် ဆွဲဆောင်သွားနိုင်တဲ့ Dark Fantasy အမျိုးစားကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းပါ။ ဆိုတော့ အရိပ်ရဲ့ကမ္ဘာကိုဝင်ကြည့်ရဲလား?