Comic Universe
Starting your journey...
Comic Universe
Starting your journey...
ဇာတ်လမ်းရဲ့နောက်ခံလေးကတော့ အပြင်ပန်းကြည့်ရင် အေးချမ်းပြီး ပန်းတွေနဲ့အမြဲတမ်းအရောင်အသွေးစုံလင်လှပတဲ့ Irwell ဆိုတဲ့မြို့လေးကိုအခြေခံထားပါတယ်။ လှပသဘောက် အောက်ခြေလူတန်းစားတွေအတွက် ပျက်စီးဖို့ကလွဲပြီး ရှင်သန်နိုင်စရာမရှိတဲ့မြို့လေးပါ။ တစ်ရက် Jeanne ဆိုတဲ့ 74 လမ်းက ပြည့်တန်ဆာမလေးတစ်ယောက် လမ်းဘေးတစ်ခုမှာ သွေးထွက်သံယိုနဲ့လဲကျနေတဲ့ မစ်ရှင်ကထွက်ပြေးလာတဲ့ Janet ဆိုတဲ့ ကြေးစားလူသတ်သမားမလေးတစ်ယောက်ကိုတွေ့ပြီး ကယ်ပေးမိခဲ့ပါတယ်။ သူငယ်ချင်းအဖြစ်နဲ့ပေါင်းသင်းချင်ခဲ့တဲ့ ပြည့်တန်ဆာမလေးအပေါ် Janet တစ်ယောက် ခံစားချက်တွေရှိနေခဲ့ပေမဲ့ Jeanne ရဲ့ရည်းစားဆိုသူ Edward Pollen ကိုမြင်လိုက်တဲ့အချိန်မှာတော့ လက်လျော့သွားခဲ့ပါတယ်။ ကံကြမ္မာကြောင့်ပဲလားတော့မသိပေမဲ့ ထို Jeanne ရဲ့ရည်းစားဆိုသူက ဒုစရိုက်ခေါင်းဆောင်ဖြစ်ကြောင်းသိရှိခဲ့ရပြီး အထက်ကမစ်ရှင်ကြောင့် Jeanne နားမှာနေပြီး သတင်းထောက်လှမ်းပေးဖို့ဖြစ်လာတဲ့အခါမှာတော့။ Janet တစ်ယောက် Jeanne ကို ဒုစရိုက်အရှုပ်ကြားက ဘယ်လိုကယ်တင်ပြီး ဒုစရိုက်သမားတွေကိုရော် ဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာနဲ့ သူတို့နှစ်ယောက်ကြားက ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းလေးကို ဆွေးမြေ့စရာကောင်းတဲ့ နှစ်ယောက်ကြားကအတိတ်တွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။ အတိတ်မှာဘယ်လောက်ပဲဆိုးရွားခဲ့ဆိုးရွားခဲ့ အနာဂတ်ဆိုတာကလည်း ပျော်ရွှင်ရပါမယ်ဆိုပြီး ယုံကြည်လို့မရကြောင်းကို ဇာတ်လမ်းလေးက Chapter ၁၀ခုတည်းနဲ့ ပြောပြထားပါတယ်။ Main Characters Janet ကြေးစားလူသတ်သမားကောင်မလေး Jeanne အချစ်ဆိုတဲ့အရာကိုရဖို့ သိသိရက်နဲ့တောင် အလိမ်ခံပါ့မယ်ဆိုတဲ့ ပြည့်တန်ဆာမလေး